Author Topic: ကြေညာချက်အမှတ် ၁/၂၀၂၀  (Read 4715 times)

0 Members and 1 Guest are viewing this topic.

Offline ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • *****
  • Posts: 4778
  • ဖိုရမ်ပေးမှတ် 0
  • Gender: Male
ကြေညာချက်အမှတ် ၁/၂၀၂၀
« on: April 04, 2020, 08:21:05 AM »
စာရေးသူညီတော် ညီမတော် နောင်တော်များသို့ ပန်ကြားခြင်း
 အကြောင်းအမျိုးမျိုးကြောင့် မြကျွန်းညိုဖိုရမ် ကို ယူနီကုဒ်နဲ့အသစ် ဖွင့်ခဲ့ရပြီးနောက်ပိုင်း အချစ်တက္ကသိုလ်ကို ကျနော်တို့ အရှိန်လျော့ချ ခဲ့ရပါတယ် ။ အဓိက ကတော့ ဖိုရမ်ဒေတာအမှားယွင်းတွေနဲ့ တချို့သော moderation function တွေ အလုပ်မလုပ်တော့လို့ပါဘဲ ။ နောက် လပိုင်းတွေမှာ အချစ်တက္ကသိုလ်မှာ post တင်ခွင့်ကို ပိတ်ပြီး မြကျွန်းညို တခုထဲမှာဘဲ ဆက်သွားဘို့ စီစဉ်နေပါတယ် ။ ဒါကြောင့် အချစ်တက္ကသိုလ်မှာ လက်စမသတ်ရသေးတဲ့ ဇတ်လမ်းတွေ ဆက်ရေးနေသော စာရေးသူများအနေနဲ့ ရေးလက်စ ဇတ်လမ်းတွေကို မြကျွန်းညိုမှာ တွဲပြီး ဆက်ရေးပေးကြဘို့နဲ့ ဇတ်လမ်းအသစ်တွေ အချစ်တက္ကသိုလ်မှာ မစကြတော့ဘို့ ပန်ကြားချင်ပါတယ် ။ နောက်ပိုင်းမှာ စာဆက်တင်မရ ဖြစ်မှာစိုးလို့ပါ ။

ခင်မင်စွာဖြင့်
ကိုပြုံး

Offline ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • *****
  • Posts: 4778
  • ဖိုရမ်ပေးမှတ် 0
  • Gender: Male
Re: ကြေညာချက်အမှတ် ၂/၂၀၂၀
« Reply #1 on: November 02, 2020, 01:37:11 AM »
အတန်းတိုးမြှင့်ခြင်းဆိုင်ရာ ရှင်းလင်းသတ်မှတ်ချက်

အချစ်တက္ကသိုလ်ဖိုရမ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် မြကျွန်းညိုဖိုရမ်သို့ မန်ဘာဟောင်းများအား ပြောင်းရွှေ့ခဲ့ပြီးနောက် သီးခြားဖြစ်သွားသည့် ဖိုရမ် ၂ ခုအတွက် ဖိုရမ်ရမှတ်များ တဆက်ထဲ ပေါင်းစပ် မရနိုင်တော့သည့်အတွက် အတန်းတိုးမြှင့်ချင်း ဆိုင်ရာသတ်မှတ်ချက်များကို အောက်ပါ အတိုင်း ပြောင်းလဲသတ်မှတ်လိုက်ပါသည် ။

မြကျွန်းညိုဖိုရမ် စတင်ဖွင့်လှစ်သည့် အချိန်တွင် အချစ်တက္ကသိုလ်မှ ပြောင်းရွေ့လာသည့် မန်ဘာများအနေဖြင့် မိမိတို့ ရရှိထားသည့် လယ်ဘယ်အဆင့်အတိုင်း မြကျွန်းညိုတွင်ဆက်လက်ရရှိမည်ဖြစ်ပါသည် ။ သို့သော် နောက်ထပ် လယ်ဘယ်အဆင့်ထပ်တပ်ရန်အတွက်မူ မြကျွန်းညိုတွင်ရရှိလာမည့် Like အရေတွက်နှင့် ဖိုရမ်ပေးမှတ် ၂ ခုပေါင်း အမှတ်ပြည့်မှသာ နောက်လယ်ဘယ်သို့ ဆက်တက်နိုင်မည်ဖြစ်ပါသည် ။ အချစ်တက္ကသိုလ်တွင် ရရှိခဲ့သော Respect point ရမှတ်များကို ထည့်သွင်းပေါင်းပေးမည် မဟုတ်ပါ ။

အချစ်တက္ကသိုလ်ဖိုရမ်ကို Read only အဖြစ်ပြောင်းလဲခဲ့သဖြင့် post များ ထပ်တင်နိုင်ခြင်း မရှိတော့သော်လည်း တင်ထားခဲ့သည့် post များကို ဝင်ရောက်ကြည့်ရှု့သူများမှ နှစ်သက်လျှင် လက်မထောင် အမှတ်ပေးနိုင်ပါသေးသည် ။ ထို့ကြောင့် အချစ်တက္ကသိုလ်တွင် ရရှိမှတ်ပြည့်ပါက နောက် လယ်ဘယ် အဆင့်သို့ ဆက်လက်တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည် ။ မန်ဘာများ အနေဖြင့် အချစ်တက္ကသိုလ်တွင် နောက်အဆင့်တက်နိုင်ရန် အမှတ်ပြည့်ပါက အတန်းတက်ရန်အကြောင်းကြားခြင်း topic တွင် အသိပေးအကြောင်းကြားနိုင်ပါသည် ။

အချစ်တက္ကသိုလ်တွင်ဖြစ်စေ ၊ မြကျွန်းညိုတွင်ဖြစ်စေ လယ်ဘယ်အဆင့်တိုးမြှင့်ပေးရန် အမှတ်ပြည့်ပါက ဖိုရမ်၂ခုလုံးတွင် လယ်ဘယ်တူ တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည် ။


« Last Edit: November 02, 2020, 01:38:06 AM by ကိုရင်ပြုံး »