Author Topic: ကြေငြာချက် အမှတ် ၁/၂၀၁၉  (Read 2766 times)

0 Members and 1 Guest are viewing this topic.

Offline ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • *****
  • Posts: 4777
  • ဖိုရမ်ပေးမှတ် 0
  • Gender: Male
ကြေငြာချက် အမှတ် ၁/၂၀၁၉
« on: November 03, 2019, 04:18:51 AM »
ကြေငြာချက် အမှတ် ၁/၂၀၁၉

မြကျွန်းညို (ယူနီကုဒ်) ဖိုရမ်ကို ၀၁ နိုဝင်ဘာ ၂၀၁၉ နေ့မှာ စတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။ မြကျွန်းညို ဟာ သီးခြားဖိုရမ်တခု မဟုတ်ဘဲ အချစ်တက္ကသိုလ်ရဲ့ ယူနီကုဒ်ဗါးရှင်း ဖိုရမ်ခွဲ တခုသာ ဖြစ်ပါတယ် ။ ယူနီကုဒ်ဖိုရမ်ဖြစ်သည့်အတွက် ဖိုရမ်အတွင်း ရေးသားသော ဆွေးနွေးချက်များကို unicode font တမျိုးထဲ နှင့်သာ ရေးသားခွင့်ပြုမှာဖြစ်ပါတယ် ။ အချစ်တက္ကသိုလ် ဖိုရမ်ကို ဇော်ဂျီဖြင့် အချိန်တိုင်းတာ တခုထိ ဆက်လက် ထားရှိဦးမယ် ။ ၂၀၁၉ နိုဝင်ဘာ ၁ ရက်နေ့ထိ အချစ်တက္ကသိုလ်မှာ ရှိနေခဲ့တဲ့ မန်ဘာများ မြကျွန်းညို မှာလဲ နောက်ဆုံးရရှိခဲ့တဲ့ အဆင့် လယ်ဘယ် အတိုင်း ပြန်ရပါမယ် ။ ၂၀၁၉ နိုဝင်ဘာ ၁ ရက် နောက်ပိုင်း အချစ်တက္ကသိုလ်မှာ အတန်းတိုးမြှင့်တာ ၊ မန်ဘာအသစ်လုပ်တာတွေ ကတော့ မြကျွန်းညို မန်ဘာလယ်ဘယ်အဆင့်နဲ့ သက်ဆိုင်မှာ မဟုတ်တော့ပါဘူး ။ ဒါကြောင့် 2019 နိုဝင်ဘာ ၁ ရက်နေ့ နာက်ပိုင်း မန်ဘာ အသစ်ဝင်မယ့်သူများ အနေနဲ့ မြကျွန်းညို ရော အချစ်တက္ကသိုလ် မှာပါ ၂ နေရာ ခွဲပြီး မန်ဘာအကောင့်သစ် လုပ်ဘို့ လိုပါမယ် ။
မန်ဘာလယ်ဘယ်များ အနေနဲ့ အချစ်တက္ကသိုလ် ကျောင်းသားဟောင်းတွေ  အယင်လယ်ဘယ်ဟောင်းများ ပြန်ရကြပေမယ့် နောက်တဆင့်တက်ဘို ့ကိုတော့ မြကျွန်းညို ရမှတ် အပေါ်မှာ မူတည်ပြီးသာ နောက် လယ်ဘယ် တဆင့်ကို ထပ်တက်နိုင်မှာ ဖြစ်ပါမယ် ။ သဘောကတော့ လက်ရှိလယ်ဘယ်ဟောင်း ရထားပေမယ့် နောက်တဆင့်အတွက်မှာတော့ အားလုံး 0 ကနေ ပြန်စ ရမယ့် သဘောပါ ။ forum moderation ပြသနာကြောင့် အခြေနေအရ ခုလို ဖြစ်သွားတာ ကို အနူးညွတ်တောင်းပန်ပါတယ် ။
တချိန် online မြန်မာစာသုံးစွဲမှု့အားလုံး unicode ဖြစ်သွားတဲ့ အချိန်ကျယင်တော့ အချစ်တက္ကသိုလ်ဘက်ပိုင်းကို post တင်ခွင့် ရပ်ဆိုင်းပြီး read only အနေနဲ ့ ထားသွားမှာ ဖြစ်ပါတယ် ။ ဖိုရမ်သက်တမ်းကြာမြင့်ပြီး ဒေတာဖေါင်းပွမှု့ ၊ moderation error တွေ ရှိနေတဲ့ အတွက် အချစ်တက္ကသိုလ်ရဲ့ မူရင်းဆာဗါ က ထိန်းသိမ်းရ အခက်ခဲ ရှိနေပါတယ် ။ ဒါကြောင့် unicode အသုံးပြုတဲ့ မန်ဘာများ အနေနဲ့ မြကျွန်းညိုဘက် ပိုအာရုံစိုက်ပေးဘို့ မေတ္တာရပ်ခံချင်ပါတယ်။ ဖိုရမ်အသစ်ဖြစ်လို့ လိုအပ်ချက်တွေ ရှိနေတာကိုလဲ အတတ်နိုင်ဆုံး ဖြည့်သွားပြင်သွားပါမယ်။
မန်ဘာများ topic အသစ်ဖွင့်ခွင့်ကို စီနီယာအဆင့်က နေ စပြီး ပါမစ်တိုးပေးထားပါတယ် ။ စီနီယာနဲ့ ကောလိပ်ဂျင်အဆင့် မန်ဘာများ မိမိတို့  ဖွင့်ချင်တဲ့ တော့ပစ်ခေါင်းစဉ်ကို ဖွင့်နိုင်ပေမယ့် အက်ဒမင်ရဲ့ အတည်ပြုချက် ကိုတော့ စောင့်ရပါမယ် ။ ဂုဏ်ထူးတန်း နဲ့ အထက်တွေ ကတော့ မိမိတို ့ ဖွင့်ချင်တဲ့ တော့ပစ်ကို တိုက်ရိုက် ဖွင့်နိုင်ပါတယ် ။ ဒါပေမယ့် တော့ပစ်တွေ မဖေါင်းပွအောင်တော့ သေချာဂရုစိုက်ပေးကြစေချင်ပါတယ် ။ မလိုအပ်ဘဲ ဖေါင်းပွနေတဲ့ တော့ပစ်များကိုတော့ အက်ဒမင်မျာမှ ဖျက်ချခြင်း ပေါင်းပစ်ခြင်းများ လုပ်သွားမှာဖြစ်ပါတယ် ။
ဖိုရမ်အတွက် လိုအပ်မယ့် အကြံဉာဏ်များ နဲ့ ပူးပေါင်းဆောင်ရွက်ကြဘို့ ဖိတ်ခေါ်လိုက်ပါတယ် ။

မြကျွန်းညိုဖိုရမ်ကော်မတီ